Sunday, January 22, 2012

ငါ့ ကိုယ် ငါ ငြီးငွေဖို့ မလွယ်ဘူး…။

ငါ့ကိုယ်ငါ ငြီးငွေ့ဖို့

ငါက.. ခွင့်မပြုဘူး

အဲဒီတော့ .. ငါ့မှာ

မငြီးငွေ့တတ်တော့တဲ့

ငြီးငွေ့ဖွယ် အစွဲအလန်း

လောကဟာ

ငြိတွယ်ဖွယ် အညစ်အထေးတွေနဲ့

ငါတွေက

နွံ့မှာလူးတဲ့ ကျွဲလို

ချေးမှာ ပျော်တဲ့ လောက်လို

ရေဆိုးရေညစ်မှာ ကူးတဲ့ပိုးလောက်လန်းလို

ငါ့မှာ ရန်သူတွေကိုစွဲလန်းရ

မိတ်ဆွေတွေကိုလည်း ငြိတွယ်ရ

ဒုက္ခကိုလည်း ခင်တွယ်

သုခကိုလည်း အယုံလွယ်နဲ့

ငါ့မှာ ငါတွေနဲ့ ငါ့ကိုမျှားတယ်

ငါ့ ကိုယ် ငါ ငြီးငွေဖို့ မလွယ်ဘူး…။


မိုးလှိုင်ည