မကံ့ကော်
ချစ်တယ်ဆိုတာ နှလုံးသာနဲ့ အရှုံးပေးတဲ့ ကိစ္စနှစ်ကိုယ်တူ အတ္တ
တွေကို တံခွန်တိုင် တက်ပြလို့မှမရနိုင်တာ…။
မကံ့ကော်က ဖယောင်းသား ဆိုရင် ကျွန်တော်ကတော့အလယ်က
မီးစာ အပ်ချည်ကြိုးလေး ဖြစ်လိမ့်မယ်…
အတူတူလောင်ကျွမ်းဖို့ ဒါမှမဟုတ်လည်း အတူတူလင်းရှကြဖို့
ဘ၀က အဲဒီလို ပြဠန်းခံဖြစ်ပြီးသားလား မကံ့ကော်ရယ်…
ချစ်ခြင်းမေတ္တာ မပါရင် ကျွန်တော်တို့ ခန္တာကိုယ်အတ္တထုထည်တွေက
ကမ္ဘာမြေကို လေးလံစွန်းထင်းစေတာ ကလွဲလို့ ဘာများပိုဖြစ်နိုင်မှာမို့လည်း..။
ကန္တရဆန်တဲ့နေ့စွဲတွေမှာ ကိုယ့်ကိုယ်ကို စိမ်းလန်းအောင်
မကံ့ကော်ကို ချစ်တဲ့စိတ်နဲ့ စိုက်ပျိုးထားခဲ့ရတယ်…
နွေလယ်လေပြင်းတွေကြားထဲမှာ
မကံ့ကော်လည်း မငြိုးမခြောက်ပွင့်လန်းဝေဆာနိုင်ပါစေ..။
မကံ့ကော်ရေ ဆယ်စုနှစ်တွေကတော့ လေထဲမှာပျောက်ပျက်သွားပါပြီ…
ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် လွမ်းတတ်နေတုန်းလေ..
မကံ့ကော်ကို စတွေ့တဲ့ ဆောင်းမနက်ခင်းထဲက လေပြည်တွေဟာ
ကျွန်တော့်ကို ပွေ့ဖက်ထားတုန်းလို့ ကျွန်တော် တစ်ခါတစ်ခါ ခံစားမိနေတယ်..
မကံ့ကော်..။
ပူပြင်းလောင်မြိုက်လွန်းတဲ့ ကမ္ဘာမှာ နေသာထိုင်သာရှိပါရဲ့လား မကံ့ကော်
ဗဟိဒ္ဓ အရေးအခင်းတွေကြားမှာ ကဗျာရေးတဲ့ ကောင်လေးအကြောင်းကို
မကံ့ကော်မေ့ကောင်းမေ့နေနိုင်ပါတယ်…
ကျွန်တော်ကတော့ စာရွက်အလွတ်တွေ တွေ့တိုင်း
မူလတန်း ကလေးတစ်ယောက်လို မကံ့ကော်ဆိုတဲ့ စာလုံးပေါင်းကို
မတော်တဆ မေ့ဖြစ်သွားမှာစိုးလို့ ချချရေးဖြစ်နေတယ်…
ဆယ်စုနှစ်တွေကြာတာတောင် မကံ့ကော်ရဲ့ စာသင်ခန်းထဲမှာ
ကျွန်တော် အောင်မှတ်မရသေးဘူးလေ..။
မေးခွန်းတွေ အားလုံးအတွက် ကျွန်တော်မှာ အဖြေ တစ်ခုပဲရှိတယ်…
အဲဒါ
မကံ့ကော်ကို ချစ်တယ်…။
မိုးလှိုင်ည