ဂျက်ဆင်မရှိတဲ့ ကမ္ဘာမှာ we are the world
စာသားကို ကျွန်တော်တို့မရနိုင်ဘူး…။
ခင်ဗျားက နာမည်ကြီး .. ဂျက်ဆင်
ခင်ဗျားက နာမည်ပျက်လည်းများတယ်
MTV တစ်ခေတ်လုံးရဲ့ ပိုင်အိုနီးယား
၁၉၈၂မှာ Thriller ထွက်လာတော့
လျှပ်စီးလက်သလိုအကနဲ့
Billie Jeanဟာ ကျွန်တော်တို့နှလုံးသားတွေကို
ရှော့ရိုက်သွားတယ်…။
ခင်ဗျားရဲ့ Thriller က စံချိန်တင်ဂီတ
ခင်ဗျားကိုယ်တိုင်က ပေါ့ပ်ဘုရင်
ခင်ဗျားက အမေရိကန်အိပ်မက်
၁၉၈၅မှာ we are the world ကို
အာဖရိက အငတ်ဘေးအတွက်
ခင်ဗျားရှာတွေ့ခဲ့တယ်
ခင်ဗျားအတွက် ကမ္ဘာတစ်ခုလုံး
ကမ္ဘာတစ်ခုလုံးအတွက် ခင်ဗျား
နောက်ပိုင်းတော့
ကလေးတစ်ယောက်ရဲ့ စိတ်ဝိညာဉ်နဲ့ခင်ဗျား
ဘာတွေနာကျင်နေရလည်း
ခင်ဗျားက ခဏခဏ မျက်နှာခွဲစိတ်ပြုပြင်သူ
ဖန်ပေါင်းချောင်ထဲက ခပ်ကြောင်ကြောင်လူသား
ကယ်လီဖိုးနီးယားခြံကျယ်ကြီးထဲမှာ
စိတ်ကူးယဉ်ကာတွန်းဇာတ်ရုပ်တွေနဲ့
ခင်ဗျား အမှားတွေလုပ်ခဲ့တယ်…။
ခင်ဗျားလူတွေကြားထဲ သိပ်မလာတော့ဘူး
ခင်ဗျားမှာ အကြွေးတွေခေါင်ခိုက်နေပြီ…။
ဥရောပဖျော်ဖြေပွဲ ခရီးမစခင်ပဲ
ခင်ဗျား ကောင်းကင်ဘုံကို ထွက်ခွာသွားတယ်
မိုက်ကယ်ဂျက်ဆင်
ခင်ဗျားက လူပီပီသသ
အနုပညာလည်းရတယ်၊
နာမည်ပျက်စေမယ့်စွဲချက်တွေလည်းရတယ်
ခင်ဗျားအပေါ်စွဲချက်တွေက ခင်ဗျားအနုပညာနဲ့ခြေဖျက်ခဲ့ရ
ကမ္ဘာကြီးက ခင်ဗျားကိုအမှန်တကယ်မမုန်းခဲ့နိုင်ဘူး
ခင်ဗျားကယ်တင်ခြင်းခံရပါစေ…အာမင်။
မိုးလှိုင်ည
ဆရာမမေငြိမ်းခင်ဗျာ
တခြားဘက်က စဉ်းစားရန်အကြောင်းများနဲ့ ခွဲခြားဝေဖန်ပေးမှုအတွက်
အထူးတလည်ကျေးဇူးတင်ရှိပါသည်။
ခင်မင်လေးစားစွာဖြင့်
မိုးလှိုင်ည
အင်းး ကဗျာအနေနဲ့တော့ ကျစ်ကျစ်လျစ်လျစ်နဲ့ တကယ့် ကဗျာပါပဲ..။ ဒါပေမဲ့ မိုက်ကယ်ဂျက်ဆင်နဲ့ ပတ်သက်တာလေးမှာတော့ အမမှာ ပြောစရာရှိတယ်။ လူမည်းကို ရှုတ်ချစိတ် ရှိနေဆဲ အမေရိကဟာ လူမည်းတယောက်ရဲ့ တဟုန်ထိုးကြော်ကြားမှုကို အလွယ်တကူ လက်မခံချင်ခဲ့ကြပါဘူး။ ဒါကြောင့်ပဲ သူ Black or White ကို ရေးခဲ့ ဆိုခဲ့။ နောက် သူ့ပြစ်မှုလို့ စွပ်စွဲသူတွေ ဘသူကမှ သူ့ကို အပြစ်ရှိကြောင်း သက်သေမတင်နိုင်ခဲ့။ (အမေရိကဟာ အပြစ်ရှိရင် ရှိကြောင်း မရအရ ထုတ်ဖော်တဲ့ နိုင်ငံ)။ ပြီးတော့ သူလုပ်ခဲ့တဲ့ ကုသိုလ်တွေကို ဘသူမှ အုတ်အော်သောင်းတင်း မလုပ်ခဲ့ကြ။ သူဟာ အများကြီး နစ်နာခဲ့ရှာတယ်။ ဒါမဲ့ သူဟာ ကမ္ဘာကြီးအပေါ် အများကြီး တာဝန်ယူခဲ့သူ။ Heal the world, We are the world.......... အဲဒီအခါ အပြစ်တွေလည်း ရှိတယ်ဆိုတာဟာ သူများ စွပ်စွဲတာတွေကို မှတ်ယူပြီး ဆုံးဖြတ်တာမျိုး မဖြစ်စေချင်တာမျိုး ခံစားမိတယ်။ အမစိတ်ထင်တော့ ကလေးတွေကို abuse လုပ်တယ်ဆိုတာမျိုးက တကယ်သာ ဖြစ်ရင် အမှုမှန်ပေါ်မှာပဲလို့သာ ထင်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာကြီးက သူ့ကို မမုန်းခဲ့တာ... သနားပါတယ်..။