သစ်တော်သီးထဲမှာ
ခေါင်းလောင်းသံတွေရှိနေနိုင်လား
စကြာဝဠာထဲမှာ သစ်တော်သီးတစ်လုံး/ အများကြီး
သီးခဲ့ဖူးတယ်….
အဲဒီ သစ်တော်သီးတွေထဲမှာ
ခေါင်းလောင်းသံတွေရှိနေနိုင်တာေ
ရုပ်ရှင်ရုံထဲက အထွက်မှာ သစ်တော်သီးထဲက
ခေါင်းလောင်းသံကို ကြားမိနိုင်သလို
ဘုရားကျောင်းဝင်းထဲက
သစ်တော်သီးပင်မှာလည်း
ခေါင်းလောင်းသံတွေသီးနေနိုင်တယ်
တချို့ဆိတ်တွေ၊ ဒါမှမဟုတ်အားလုံး
သစ်တော်သီးမစားဖူးဘူး
ပြီးတော့ မြေခွေးတွေ၊ ၀ံပုလွေတွေ
သူတို့က သစ်တော်သီးထဲက
ခေါင်းလောင်းသံကို မကြားဖူးဘူး
ကြားဖူးလည်းမသိဘူး
သိလည်းနားမလည်ဘူး
ဒါပေမယ့် သစ်တော်သီးတွေမှာ
ခေါင်းလောင်းသံတွေရှိတယ်..။
တချို့နားတွေနဲ့တော့
ကြားချင်မှကြားလိမ့်မယ်…။
မိုးလှိုင်ည