တစ်ရာသီလုံး
ဒဏ်ရာရနေတဲ့ကစားသမားလို့
ကိုယ့်ကိုယ်ကိုစိတ်ပျက်လက်ပျက်
မပျော်ရွှင်ခဲ့ရတဲ့နေစွဲတွေ
ဘယ်လောက်တောင်များနေပြီလည်း
ရင်ဘတ်ဟောင်းလောင်းနဲ့
ငါ့ကိုလာထိစပ်တဲ့
ဖေဖော်ဝါရီမှာလည်း
ငါဟာ
လမ်းကွေ့လေးကိုငေးနေတုန်း
သေချာတယ်
မင်းကိုအရှုံးပေးပြီးတဲ့နောက်
ငါ လောကကြီးတစ်ခုလုံးကိုရှုံးတယ်
ရာစုနှစ်တွေကိုရှုံးတယ်
နာရီလက်တံတွေကိုရှုံးတယ်
ငါ့ခေါင်းပေါ်ပိနေတဲ့
ဆီးနှင်းတွေကိုလွှဲဖယ်ရင်း
ဒီဖေဖော်ဝါရီမှာလည်း
ငါ့ ဘ၀ကိုလှမ်းမြင်နိုင်တဲ့
ပွဲကြည့်စင်ပေါ်မှာ မင်းမရှိဘူး...။
မိုးလှိုင်ည